ငါတို့ အိပ်မက်တွေဆီ ပြေးလိုက်ကြရအောင်
Toshiwa-kai ၏ကျက်သရေ
Point.01
သူနာပြုစောင့်ရှောက်ရေး ပညာရှင်တစ်ဦးဖြစ်လာရန် ပတ်ဝန်းကျင်ကောင်း
သူနာပြုစောင့်ရှောက်မှု လုပ်ငန်းတွင် လိုအပ်သောလက်မှတ် အရည်အချင်းများ ရရှိရန် ပြည့်စုံသော ပံ့ပိုးပေးမှုများ ရှိသည်။ ယခုလက်ရှိတွင် ခိုင်းဂေါ့ဖူခုရှိ လက်မှတ် မရရှိသေးသူများ( သို့) Career Advancement မြှင့်တင်ရန် အောင်လက်မှတ်ကို လိုချင်သူများ ဖြစ်စေ Toshiwa Kai သည် သင့်အား ထိုနေရာသို့ ရောက်အောင် ကူညီပံ့ပိုးပေးနိုင်ပါသည်။
☆ ကုမ္ပဏီသည် သင်တန်းကြေးများ (ကျောင်းသုံးစာအုပ်ခများအပါအဝင်) နှင့်နိုင်ငံလုံးဆိုင်ရာ လက်မှတ် ရရှိရန် သင်တန်းတွင် ပါဝင်သည့်သင်တန်းကုန်ကျစရိတ် အားလုံးကိုပေးဆောင် မည်ဖြစ်သည်။ လက်မှတ်ပေါ်မူတည်၍ သင်အားလပ်ရက်များ သီးခြား ရှိမည်ဖြစ်ပြီး ငွေကြေး သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ သင်တန်း လက်မှတ်များ ကိုရယူနိုင်မှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့နှင့်အတူ လက်မှတ်တွေရယူပြီး သင့်အသက်မွေးဝမ်းကြောင်းကို မြှင့်တင်ရန် နည်းလမ်းများစွာရှိသည်။
Point.02
သင့်ဘဝနေထိုင်မှုပုံစံနဲ့ ကိုက်ညီမယ့် Career Plan ကိုရွေးချယ်နိုင်ပါတယ်။
Toshishima-kai ၏ ကောင်းမွန်သောအချက် တစ်ခုမှာ သင့်ဘဝနေထိုင်မှုပုံစံနှင့် ကိုက်ညီသော အလုပ်ပုံစံကို သင်ရွေးချယ်နိုင်သည် ။
ဥပမာ-သင်သည် ကောင်းမွန်သော အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို တည်ဆောက်လိုသော်လည်း အတွေ့အကြုံမရှိသူဖြစ်ပါက၊ အမှန်တကယ်လုပ်ငန်းခွင်တွင် လက်တွေ့လုပ်ဆောင်ရင်း ၊ လုပ်ငန်းခွင်မှ ပံ့ပိုးပေးသော စနစ်များကို အသုံးချလျှက် ခိုင်းဂေါ့ဖူခုရှိ ဖြစ်လာနိုင်ပါတယ်။
ထို့အပြင် မိသားစုနှင့်အချိန်ပေး လုပ်ဆောင်နေရသူများ အတွက် ညဆိုင်းမထားရှိသော နေ့ဝန်ဆောင်မှု (Dayservice)တွင် အလုပ်လုပ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ဝန်ဆောင်မှု အမျိုးအစားများစွာဖြင့် စောင့်ရှောက်မှု ပေးသည့်ဌာနဖြစ်သောကြောင့်၊ သင်သည် အလုပ်နေရာကို မပြောင်းလဲဘဲ ၊ သင်ရဲ့ အလုပ်လုပ်မှူ ပုံစံပြောင်းလဲခြင်းဖြင့် လုပ်ဆောင် နိုင်ပါ သည်။ အကယ်၍ အလုပ်ဌာန ပြောင်းရွှေ့ခြင်း ရှိခဲ့သော် KANAYAMA , OOZONE , YAGOTONISSEKI ဘူတာရုံတို့ ၏ လမ်းလျှောက်အကွာအဝေးတွင် ဖြစ်သောကြောင့် သင်သွားလာရန် လွယ်ကူသော နေရာအနေအထားတွင် ရှိပါသည်။
Point.03
သင့်ရဲ့အလုပ် နှင့် ကိုယ်ပိုင်ဘဝနှစ်ခုလုံးကို တန်ဖိုးထားနိုင်သည့် ပတ်ဝန်းကျင်တစ်ခု
ကျွန်ုပ်တို့သည် ဝန်ထမ်းများ အဆင်ပြေစွာ အလုပ်လုပ်နိုင်သော ပတ်ဝန်းကျင်ကို လုပ်ဆောင်လျှက် ရှိပါသည်။ တစ်နှစ်လျှင် ပိတ်ရက် 120 ကျော်ရှိပြီး အလုပ်ချိန် 7.5 နာရီ ရှိသည် ၊ အချိန်ပိုမရှိသောကြောင့် သင့်ကိုယ်ပိုင်ဘဝနှင့် အလုပ်အား ခွဲခြားနိုင်သည်။ သင့်တွင် အားလပ်ချိန်များစွာရှိသောကြောင့် ခရီးသွားခြင်းနှင့် မိသားစု၊ သူငယ်ချင်းများနှင့် အချိန်ဖြုန်းခြင်းဖြင့် သင်၏ကိုယ်ပိုင်အချိန်များကို လွပ်လပ်စွာဖြင့် အသုံးပြုနိုင်ပါသည်။
Point.04
ဘက်စုံလေ့ကျင့်ရေးစနစ်
Toshiwakai သည် ဝန်ထမ်းများအသစ်အတွက် ရုံးတွင်းပိုင်းသင်တန်းများ ပေးလျှက်ရှိသည်။ လုပ်ငန်းခွင် စီနီယာ နှင့် တိုက်ရိုက် သင်ကြားပြသပေးသော လေ့ကျင့်ရေးစနစ် ရှိပါသည်။
ထို့အပြင် အတွေ့အကြုံရှိသော ဝန်ထမ်းများအတွက်လည်း ပြင်ပသင်တန်းများတွင် အလွယ်တကူ ပါဝင်လေ့လာနိုင်ရန် လုပ်ဆောင်ထားမှုများကြောင့် ၎င်းတို့သည်
အကြီးတန်းအင်တာဗျူး
Toshiwakai တွင် အလုပ်လုပ်ရန် ဖြစ်လာသည့် အကြောင်းအရင်း။
ကျွန်မရဲ့ ခိုင်းဂေါ့လုပ်ငန်း အတွက် အတွေ့အကြုံ မရှိသေးသော လုပ်ငန်းခွင် အမျိူးအစား ဖြစ်သော老人保健施設 (ろうじんほけんしせつ)တွင်လုပ်ကိုင်လိုသောကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။
ယခုအလုပ်ကိုပြောင်းရွှေ့ခဲ့ရလို့ ကောင်းမွန်တဲ့ဆုံးဖြတ်ချက် ဖြစ်တယ်လို့ထင်သောအချက်။
လုပ်ငန်းခွင်အတွင်း လုပ်ဆောင်ရန်တာဝန်များကို စနစ်တကျ ခွဲဝေသတ်မှတ်ထားခြင်း၊ ၁လလျှင်ပိတ်ရက်၁၀ရက် ရရှိခြင်း၊ 複合型介護施設(ふくごがたかいごしせつ)ဖြစ်သောကြောင့် ခိုင်းဂေါ့လုပ်ငန်းနှင့်ပတ်သတ်သော မသိနားမလည်သော အချက်များကို ထပ်မံ့လေ့လာသင်ယူခွင့် ရရှိခြင်းများ ဖြစ်ပါသည်။
ယခုအလုပ်ကိုပြောင်းရန် စဥ်းစားနေသူများအတွက် ပေးချင်သောအကြံဉာဏ်။
ယခင် ကျွန်မအလုပ်လုပ်ခဲ့တဲ့ နေရာတွေနဲ့မတူဘဲ ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှူ အတွက်လည်း သူနာပြုဝန်ထမ်းများ များစွာရှိခြင်း ၊ အလုပ်များတဲ့အခါ လူတိုင်းက အချင်းချင်း အမြဲအကူအညီ ပေးတတ်ခြင်း ၊ လုပ်ငန်းခွင်စီနီယာများက စိတ်ရှည်သဘောကောင်းပြီး တစ်ဆင့်ပြီးတစ်ဆင့် သင်ပြပေးခြင်း၊ လုပ်ငန်းခွင် အတွင်း စည်းစနစ်တကျရှိ သောကြောင့် နိုင်ငံခြားသားတွေအတွက် ကောင်းမွန်တဲ့ လုပ်ငန်းခွင်တစ်ခုလို့ ကျွန်မထင်ပါတယ်။